၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

မြဝတီ ဇွန် ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၈ နရီခွဲက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေး ခဲ့ပြီး ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြား၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘာသာစုံ ထူးချွန်စွာ အောင်မြင်ခဲ့ သည့် ပညာရွှေဖူးအလယ်တန်းကျောင်း၏ ပညာသင်ဆု ရရှိခဲ့သော Grade 6 မှ မောင်ခန့်မင်းယံက “Things that We Must follow in the first day of school” ကျောင်း၏ ပထမဦးဆုံးနေ့တွင် လိုက်နာသင့်သည့်အချက်များ” ခေါင်းစဉ်ဖြင့် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို အင်္ဂလိပ်ဘာသာစကားဖြင့် မိတ်ဆက်ပြောကြားခဲ့သည်။

ထို့နောက် အလယ်တန်းအဆင့်မှ KG အဆင့်ထိ ကျောင်းသား/ကျောင်းသူ လေးများက ကျောင်းကောင်စီသီချင်း၊ မြန်မာ့ကျောင်းသားသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အတန်းလိုက် ဘာသာရပ် ဆရာ/ဆရာမများက Grade(7)မှ Grade(3) အဆင့်ထိ ကျောင်းသား/ကျောင်းသူများအား Power Point ဖြင့် စတင်သင်ကြားပို့ချခဲ့ကြသည်။

ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ ကျောင်းသား/ကျောင်းသူ မူလတန်းအဆင့်(၉၆၈)ဦးနှင့် အလယ်တန်းအဆင့် (၁၂၅)ဦး စုစုပေါင်းတက်ရောက်သူ ကျောင်းသား/ကျောင်းသူဦးရေ (၁၀၉၃)ဦး တက်ရောက် ပညာသင်ကြားခဲ့ကြရာ (၉၆)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် ထပ်မံလာရောက်၍ ကျောင်းအပ်နှံမှုများ ရှိမည်ဖြစ်ကြောင်း ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူ နာယက ဦးသန်းရွှေထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)