ဘားအံ ဇွန် ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အဓိကကျသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်ပြီး စိတ်ဓာတ်၊စည်းကမ်းကောင်းမွန်စွာဖြင့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ၍ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း၊ အမျိုးသား/အမျိုးသမီးဝန်ထမ်းများအတွက် စုစုပေါင်းငွေကျပ် ၁၀၈၉၈၀၀ဝိ/-(တစ်ရာ့ရှစ်သိန်းကိုးသောင်းရှစ်ထောင်) ကျပ်တန်ဖိုးရှိ တူညီဝတ်စုံ(Uniform)များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)