လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လှိုင်းဘွဲ ဇွန် ၄

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၂)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးဖြစ်ရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်းနှင့်ကိုယ်ပိုင် ကျောင်း(၃)ကျောင်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း (၄၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၇၇)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၉၃) ကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း (၃၁၅)ကျောင်းဖွင့်လှစ်ခဲ့ကြောင်း၊ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံထားမှုမှာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇၉၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၃၄၅)ဦးနှင့်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၆၆၁၆)ဦး စုစုပေါင်း (၄၅၇၅၁)ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စောဒိ(ပြန်/ဆက်)