လှိုင်းဘွဲ ဇွန် ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို စာမေးပွဲကြီးကြပ်ရေး ဆရာတော်/သံဃာတော်များနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ကာ အစိုးရပါဠိ ပထမပြန် စာမေးပွဲကို ပထမကြီးတန်းတွင် စာဖြေသံဃာ (၁)ပါး၊ ပထမလတ်တန်းတွင် (၄)ပါး၊ ပထမ ငယ်တန်းတွင် (၁၆)ပါး၊ အခြေပြုမူလတန်းတွင် (၅၅)ပါး၊ စုစုပေါင်း စာဖြေသံဃာ (၇၆)ပါးဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲကို ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)