ဆင်ပေါင်ဝဲမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဆင်ပေါင်ဝဲ ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက စျေးအနီးလမ်းဆုံနှင့် ဧရာဝတီမြစ်ကမ်းဘေး စျေးရောင်းစျေးဝယ်သူများထံသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းအဖွဲ့က ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရမည့် ဆောင်ရန်နှင့် ရှောင်ရှားသင့်သည့် အချက်များ ပါဝင်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)