စစ်ကိုင်း၊ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်း များ စတင်ဖွင့်လှစ်သည့် ဇွန်လ (၂) ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၈၀၀၀) ကျော် တက်ရောက် သင်ကြားလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၇၀) ကျောင်းအထိ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၈၇၇၂) ဦး တက်ရောက်ပညာသင်ကြားခဲ့ကြကြောင်း သိရသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ်၌ ငလျင်ဒဏ်သင့်သည့် အခြေခံပညာ ကျောင်းပေါင်း (၄၇) ကျောင်းရှိသည့်အနက် ကျောင်းပေါင်း (၄၄) ကျောင်းတွင် ယာယီကျောင်းဆောင် များ ဆောက်လုပ်၍ ကျောင်းသား၊ ကျောင်းသူများအား စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)