မင်းလှမြို့နယ်တွင် ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

အထက်မင်းလှ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိဈေးနှင့် ပြည်တော်သာလမ်းတို့တွင် ဈေးရောင်း ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းဖြစ်သည်။ အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ရေဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေးဘေးဖြစ်ပွားနေစဉ် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရေဘေးဖြစ်ပွားပြီးနောက် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်ပါရှိပြီး ပြည်သူများရေဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်နှင့် လိုက်နာဆောင်ရွက်နိုင်စေရန် ရေဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)