ချောက်မြို့နယ်တွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချောက် ဇွန်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်‌နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဈေးနှင့် ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများထံ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များစသည့် အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)