ပန်းတနော်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

ပန်းတနော် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ထက် / လယ် / မူ ကျောင်းများအား ယနေ့စတင်ဖွင့်လှစ်ရာ ကျောင်းသား / သူများ ပျော်ရွှင်လန်းဆန်းစွာ စတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့  စာသင်ကျောင်းများ ဖွင့်လှစ်လျှက်ရှိရာ ပန်းတနော်မြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ စာသင်ကျောင်းများ၌ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ ၊ ဆရာ ၊ ဆရာမများနှင့် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား/ သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်း၏လုံခြုံရေးနှင့် ကျောင်းသား / သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပန်းတနော်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမအပ်နှံရသေးသူများ ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)