နာဂဒေသလဟယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျလွေချေင်းရေအားလျှပ်စစ် သဲနွန်စစ်ကန် ‌ပိတ်ဆို့မှုအားရှင်းလင်း

လဟယ် မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၂၉-၅-၂၀၂၅) ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်မြို့အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ကျလွေချောင်း ရေးအားလျှပ်စစ်နွန်စစ်ကန်သည် သဲနွန်များပိတ်ဆို့နေမှုကို ယနေ့နံနက်ပိုင်း ၇ နာရီအချိန် လဟယ်မြို့ပေါ်ရှိ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများရပ်ကွက်ပြည်သူများစုပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်နေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း အတွင်းရေးမှူးဦးလင်းကိုကိုနှင့် စီမံအဖွဲ့၀င်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးနေခြည်ဖြိုးနှင့် အဖွဲ့၀င်များက အနီးကပ်ကြီးကြပ်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)