နာဂဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer)ထိုးနှံပေး

လဟယ် ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထိုးနှံ ခြင်းကို ယမန်နေ့နံနညနေပိုင်း (၁၄) နာရီအချိန်တွင် လဟယ်မြို့အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးရာတွင် ၂၀၂၅ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့်ကျောင်းသားသူ (၂၃၅) ဦးအား ထိုးနှံပေးလျှက်ရှိရာ အဆိုပါကာကွယ်ဆေး ထိုးနှံနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း‌၊အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့် အဖွဲ့၀င်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)