ပေါက်ခေါင်းမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ပေါက်ခေါင်း   ဒီဇင်ဘာ    ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျောက်စာတိုင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းမိတ်ဆက် ရှင်းလင်းရာတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ် ကျေးလက် ဦးစီးမှူးဦးဌေးဇော်က မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်နှင့် ကော်မတီ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြစိမ်းရောင် စီမံကိန်းကော်မတီ အဖွဲ့ဝင်များက ကျေးရွာပြည်သူများ၏ ဆန္ဒဖြင့် ကော်မတီဝင်(  ၇ ) ဦး ကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။

အဆိုပါ မြစိမ်းရောင် ကျေးရွာစီမံကိန်းသည် အရင်းမပျောက်ချေးငွေဖြစ်ပြီး ကျပ်သိန်း(၃၀၀) မတည်ထုတ် ချေးပေး မည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)