ဘုရားသုံးဆူ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်- ၁၉ ရောဂါအသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာနက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုများအား ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာနှင့် ကျန်းမာရေး ဝန်ထမ်းများက စျေးအတွင်းသို့ စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များအား လက်ကိုင် အသံချဲ့စက်များဖြင့် နှိုးဆော်ပြီး စျေးအတွင်းသို့ mask campaign များပြုလုပ်ဆောင်ရွက်ခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)