သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ် ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် ဇွန် ၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ်ဥပဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ညနေ (၄) နာရီက ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ် ဥပဒေအရာရှိနှင့် ခရိုင်/မြို့နယ်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က သရက် ခရိုင်/မြို့နယ် ဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ ဥပဒေအရာရှိများ၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲ အမှူလိုက်လုပ်ငန်း ဆောင်ရွက်ခြင်းတို့တွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာချွေတာရန်၊ ဥပဒေအရာရှိ ကျင့်ဝတ်လိုက်နာရန်၊ အရာထမ်းအမှုထမ်းအားလုံး မိသားစုကဲ့သို့ စည်းလုံးစွာနေထိုင်ရန် ဥပဒေအရာရှိများသည် ရွေးကောက်ပွဲများ၌ ရွေးကောက်ပွဲကော်မရှင် တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်တို့လိုကြောင်း မှာကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်နှင့် ဥပဒေအရာရှိများ၊ ဝန်ထမ်းများက တင်ပြခြင်းအပေါ် မကွေးတိုင်းဒေကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က ဥပဒေရုံးများ လိုအပ်သည့် ရုံးသုံးပစ္စည်းများကို ခွဲ‌ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)