ညောင်တုန်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်သော "ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးစီမံကိန်း" မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရည်ရွယ်ချက်များကို ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်သွားမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အုန်းပင်စုကျေးရွာရှိ ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်း မြှင့်တင်ရေးစီမံကိန်းပထမနှစ်စက်ဝန်း လုပ်ငန်းဆောင်ရွက်မည့် အိမ်ထောင်စုများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)