ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

လွိုင်ကော် ဇွန် ၁

ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ်တွင် ကယားလူငယ်အသင်းနှင့် ပဒါညေးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ အဆိုပါဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ကယားပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိကြသူများကို ငွေသားဆုနှင့် Trophy တို့ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်ကလည်းကောင်း၊ တတိယဆုရရှိသည့် နွားလဝိုးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပဒါညေးအသင်းအား ငွေသားဆုနှင့် ဆုတံဆိပ်များကို ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ကလည်းကောင်း၊ ပထမဆုရရှိသည့် ကယားလူငယ်ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ(၂၂)ရက်နေ့က စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း () သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)