ပခုက္ကူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ဈေးဆိုင်ခန်းများပေါ် သစ်ပင်လဲကျမှုအား ခုတ်ထွင်ရှင်းလင်း

ပခုက္ကူ ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်တွင် မေလ ၃၁ ရက် နေ့လယ် ၁၂နာရီ၊မိနစ်၂၀အချိန်က မိုးရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်၊သံဖြူတန်းလမ်းနံဘေးရှိ ဈေးဆိုင်ခန်းများပေါ် သစ်ပင်လဲကျမှုအား ယမန်နေ့မွန်းလွဲပိုင်းက ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကြသည်။

အဆိုပါမိုးရွာသွန်းမှုကြောင့် အမြင့်ပေ၆၀၊ပင်စည်လုံးပတ်၈ပေခန့်ရှိ မန်ကျည်းပင်မှာ ကြက်ပေါင်ပဲ့ကျကာ အမှတ်(၁) ရပ်ကွက်၊သံဖြူတန်းလမ်းနံဘေးရှိ ဈေးဆိုင်ခန်းများပေါ်သို့လဲကျပိမိခြင်း၊ လမ်းမပေါ်တွင် ပိတ်ဆို့ခြင်းများဖြစ်ပေါနေကြောင်းသိရပြီး မေလ ၃၁ ရက် မွန်းလွဲပိုင်းက ပခုက္ကူမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအန္တရာယ်ကင်းစေရေးအတွက် စနစ်တကျခုတ်ထွင်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)