ရွှေသောင်ယံမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာများမှ ကျောင်းအပ်နှံနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ ကျောင်းအပ်နှံရေး ဟောပြောစည်းရုံးဆောင်ရွက်

ရွှေသောင်ယံ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများမှ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာ အ.ထ.က(သဘော့ကန်)တွင် ကျောင်းအပ်နှံနေမှုများ၊ ကျောင်းဖွင့်လှစ်သင်ကြားရန် ကြိုတင်စီစဉ်ထားမှုများအား လိုက်လံကြည့်ရှုကာ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ ကျောင်းအပ်နှံနိုင်ရေး ဟောပြောစည်းရုံးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောစည်းရုံးဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ သဘော့ကန်ကျေးရွာအုပ်စု၊ အ.ထ.က(သဘော့ကန်)၌ ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများအား ကြည့်ရှုပြီး ကျောင်းသားမိဘများနှင့်တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး ဟောပြောစည်းရုံးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)