ငါးသိုင်းချောင်းမြို့၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများ ကွင်းဆင်းစည်းရုံးဆောင်ရွက်

ငါးသိုင်းချောင်း ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံကျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန် ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ ကွင်းဆင်းစည်းရုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းနိုင်ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်ပညာရေးမှူး ဦးခင်ဌေး၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် ဒေါင့်ကြီးကျေးရွာ၊ မီးသွေးကုန်းကျေးရွာ၊ ကျောက်ခဲချောင်ကျေးရွာနှင့် ကုန်းပြင်ကျေးရွာများအတွင်းရှိ ကျောင်းအပ်ရန်ကျန်ရှိနေသော ကလေးများနှင့် ကျောင်းနေအရွယ်ရောက်ပြီး ကျောင်းမတက်ရောက်သော ကလေးများအား အိမ်တိုင်ရာရောက်မိဘများနှင့် သွားရောက်တွေ့ဆုံ၍ ကျောင်းတက်ရောက်ပညာသင်ကြားရန် စည်းရုံးဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)