ဟိုင်းကြီးကျွန်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်း၌ ကွင်းဆင်းစည်းရုံးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆရာ၊ ဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ကျောင်းအပ်ရန်ကျန်ရှိနေသော ကလေးများနှင့် ကျောင်းနေအရွယ်ရောက်ပြီး ကျောင်းမတက်ရောက်သောကလေးများအား အိမ်တိုင်ရာရောက်မိဘများနှင့် သွားရောက်တွေ့ဆုံ၍ ကျောင်းတက်ရောက်ပညာသင်ကြားရန် စည်းရုံးဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)