မော်လမြိုင်ကျွန်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသား/ သူများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ တာဝန်ရှိသူများက ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာကျောင်းများ၌ ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစည်းရုံးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့က ကြောင်ထောက်ကျေးရွာ အ.ထ.က ကျောင်း၌ လည်းကောင်း၊ ကွမ်းခြံချောင်းကျေးရွာ အ.ထ.က (ခွဲ)၌ လည်းကောင်း၊ အ.ထ.က (၂) ၌လည်းကောင်း၊ မြို့မ အ.လ.ကတို့၌ ကျောင်းအပ်ရန်ကျန်ရှိနေသည့် ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ကလေးငယ်များအား အချိန်မှီကျောင်းအပ်နှံကြရန် စည်းရုံးခြင်း၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားပြောကြားခြင်း၊ ကျောင်းသားမိဘများတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ သူများနှင့် မိဘအုပ်ထိန်းသူများကို ပံ့ပိုးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)