မြို့သစ်မြို့နယ် ပညာရေးဝန်ကြီးဌာနက “၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား” ကျင်းပ

မြို့သစ် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပညာရေးဝန်ကြီးဌာနက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအမှတ်(၁)အ‌ခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းထက်က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က  ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ပညာရေးဌာနမှ အခမဲ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတို့အား ကျောင်းသား၊ကျောင်းသူများထံ ပေးအပ်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊G-10ကျောင်းသား/ကျောင်းသူလေးများမှ "ဇာတိ မာန်"သီချင်း သီဆို၍ အခမ်းအနားပိတ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊‌ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။

သန်းဝင်းထွန်း