ဒေးဒရဲမြို့နယ် ကျေးရွာများ၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဒေးဒရဲ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏​ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက  အသက်ကယ်အင်္ကျီများ စနစ်တကျအသုံးပြုနည်းများကို ​မေလ ၂၉ ရက်နေ့က  ကျုံဘုတ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုးရာသီကာလ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင်သဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်၊ ချောင်းများတစ်လျှောက် နေထိုင်ကြသူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက မိမိတို့အိမ်၌ အလွယ်တကူအသုံးပြုနိုင်ရန် (၅) ဂါလံဆန့် ပလပ်စတစ်ပုံးများနှင့် သက်ကယ်အင်္ကျီများ အိမ်တိုင်းဆောင်ထားရန် အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ် ဆင်အသုံးပြုနည်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက်  အသိပညာပေးဟောပြောဆွေး နွေးခြင်းနှင့် သဘာဝဘေးဖြစ်ပွားလာပါက အချိန်မီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ရှာ ဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိကြောင်း သိရသည်။

အေဇာလင်း