ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဒေးဒရဲ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အဖွဲ့ပိုင်ယာဥ်ယန္တရားများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား ဖော်ထုတ်ရှင်းလင်းခြင်း၊ လူနေထူထပ်သည့်လမ်းများရှိ ယာဥ်ယန္တရားမဝင်နိုင်သည့် နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်း သိရပြီး ထွက်ရှိအမှိုက်များ အားလုံးကို အဖွဲ့ပိုင်ယာဥ်များဖြင့် စနစ်တကျသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း