လိပ်သို မေ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် ဂွေးတောက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဂွေးတောက်ပင်များကို ကိုင်းဖြတ်ပျိုးယူ၍လည်းကောင်း၊ ဂွေးတောက်သီးအစေ့များကို ပျိုး၍ လည်းကောင်း မိမိတို့အိမ်ခြံဝင်းအတွင်း၌ စိုက်ပျိုးကြကြောင်း၊ ဂွေးတောက်ရွက်ပင်သည် နှစ်ရှည်ပင်ဖြစ်ကာ စိုက်ပျိုးပြီး (၃) လ အကြာတွင် အညွန့်များကို စတင်ခူးယူနိုင်ကြောင်း ဂွေးတောက်ပင်စိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
ဂွေးတောက်ရွက်မှာ ဆေးဖက်ဝင်ပြီး ခါးသက်သော အရသာရှိကာ တို့စရာအဖြစ်လည်းကောင်း၊ ဟင်းချိုအဖြစ်လည်းကောင်း၊ ကြော်စား၍လည်းကောင်း စားသုံးကြကြောင်း၊ ဂွေးတောက်ပင်များ ရှားပါးလာလျက်ရှိနေသောကြောင့် ဒေသခံအချို့မှာ မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် ပြန်လည်စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ်