မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မင်းဘူး မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတဝန်းလုံးရှိ တောင်သူလယ်သမား ဦးကြီးများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ ချေးငွေပြေကျေမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။

မင်းဘူးမြို့၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို  မေလ (၂၀) ရက်နေ့မှစ၍ အင်းကုန်း ငါးဆူကျေးရွာအုပ်စုရှိ တောင်သူ (၆၇) ဦး ၊  လယ်/ယာ (၄၂၂) ဧက အတွက်  ငွေကျပ် (၄၃,၅၀၀,၀၀၀) သိန်းကိုစတင်ထုတ်ချေးပေးခဲ့ပြီး စပါး တစ်ဧကလျှင် (၁၅၀,၀၀၀) နှုန်း အခြားသီးနှံ (၁၀၀,၀၀၀) ကျပ် နှုန်းဖြင့် ထုတ်ချေးခဲ့ပြီး အတိုးနှုန်းမှာ ကျပ် (၁၀၀) လျှင်  ၅ ရာခိုင်နှုန်းဖြစ်သည်။ မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့အထိ စပါး (၆၀၈) ဧကနှင့် နှမ်း (၈၁၉) ဧက အတွက် ကျပ်သိန်း (၁၇၃,၁၀၀,၀၀၀) ထုတ်ချေးပေးသွားပြီးဖြစ်ကြောင်း မင်းဘူးခရိုင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဦးဝင်းဌေးဦးထံမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)