လိပ်သိုဒေသတွင် မိုးဦးကျကာလ တောင်ပေါ်သခွားမျိုးများ စိုက်ပျိုးလျက်ရှိ

လိပ်သို မေ ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းကို အဓိထား လုပ်ကိုင်လျက်ရှိရာ မိုးဦးကျကာလတွင် တောင်ယာခင်းများ၌ တောင်ပေါ်သခွားမျိုးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။

ဒေသခံများမှာ မိမိတို့၏ တောင်ယာခင်းများရှိ နနွင်းပင်များကြားတွင် တောင်ပေါ်သခွားသီးမျိုးများကို သီးညှပ်စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးဦးကျကာလ၌ စိုက်ပျိုးပါက ဆောင်းရာသီကာလတွင် ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ ယမန်နှစ်က တောင်ပေါ်သခွားသီး တစ်လုံးလျှင် အရွယ်အစား ပေါ်မူတည်၍ (၁၀၀ဝိ/-) ကျပ်မှ (၂၅၀ဝိ/-) ကျပ်အထိ စျေးရရှိပြီး ယခုနှစ်တွင်လည်း စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း  သိရသည်။

ခင်လေးနွယ်