ပေါက်ခေါင်းမြို့၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်သို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာများ၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်‌သော သွေးလွန်တုတ်ကွေး‌ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အသိပညာပေးပြောကြားပြီး ရပ်ကွက်အတွင်း ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများပူပေါင်း၍ ရပ်ကွက်အတွင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)