သရက် မေ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်၊ ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ (၁၀) သိန်းကျပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် သရက်မြို့ ရွှေဘုံသာရပ်ကွက် နတ်စင်လမ်းနေ ကွယ်လွန်ခဲ့သော ဦးမြင့်သန်း၏ (၆) လပြည့်အား ရည်စူးကုသိုလ်အဖြစ် မိသားစုနှင့်ညီအကို မောင်နှမများမှ ငွေကျပ်(၁၀)သိန်း တိတိ/ကိုပေးအပ်လှူဒါန်းရာ သရက်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်မှ လက်ခံပေးခဲ့ပြီး မှတ်တမ်းဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)