အင်္ဂပူ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှပ်နှံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အောက်ရွာကြီးကျေးရွာအုပ်စု၊သို က်တူးကွင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းထွန်ယက်ခြင်းကို သိုက်တူးကွင်းကျေးရွာရှိ တောင်သူ ဦးမျိုးညွန့်ဦး၏ ကွင်းအမှတ် ၇၅၉ (မဲဇလီတောင်)၊ ဦးပိုင် -၁၇၈/၂၊ ဧရိယာ (၄)ဧကတွင် ပြုလုပ်ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးပြီး တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သော်မြင့်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရပိုမိုကောင်းမွန်စေကြောင်း၊ သီးနှံများအထွက်နှုန်းတိုးစေကြောင်းနှင့် ကုန်ကျစရိတ်နည်းစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှပ်နှံခြင်းဆောင်ရွက်ရာသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)