အင်္ဂပူမြို့နယ် Power-9 စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်သတ်နည်း သရုပ်ပြ ဇတ်တိုက်လေ့ကျင့်

အင်္ဂပူ မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ Power-9 စက်သုံးဆီဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်းတို့အား ‌ဆိုင်ဝန်ထမ်းများအား လက်တွေ့သရုပ်ပြ သင်ကြား‌ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အင်္ဂပူမြိုနယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအသိပညာပေးလက်ကမ်းများဖြန့်‌ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)