ဘားအံမြို့၌ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဘားအံ မေ ၃၀

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာ ကျောင်းပေါင်းစုံတို့ပူးပေါင်း၍ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” (Ending Plastic Pollution Glibally) ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် ဘားအံမြို့နယ်အတွင်းမှ ကျောင်းပေါင်းစုံ အခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၆) ဦး၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၃) ဦးတို့က “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ပန်းချီယှဉ်ပြိုင်ခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၅) ရက်နေ့တွင် ကျရောက်မည့် (၅၂) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)