ကျိုက်လတ် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငပိချောင်းကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိဝန်ထမ်းများက ငပိချောင်းကျေးရွာအုပ်စုနှင့် မိဿလင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်