မအူပင် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင် နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင်ကျင်းပသည်။
ရှေ့ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ပညာပန်းခင်းသီချင်းသီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ မအူပင်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး(စီမံ)မှ ဆရာကြီးဦးမြတ်သူက ကျောင်းများဖွင့်လှစ်သင်ကြားခြင်းနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။
၎င်းနောက်တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူလေးများအား ဗာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘော့ပင်များအားပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)