ကျွန်းလှ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြရာ တစ်ပိုင်တစ်နိုင် ကီလိုမာလကာ စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသာစုဝင်ငွေရရှိကြကြောင်း သိရသည်။
“ ကျွန်တော်ကီလိုမာလကာသီးနှံ အပင် ၁၅၀ စိုက်ပျိုးထားတာ ၃ နှစ်ကျော်ရှိပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ လွယ်ပြီး လုပ်အားနဲ့ ကုန်ကျစရိတ်လည်းသက်သာပါတယ်။ ကီလိုမာလကာကို စိုက်ပျိုးပြီး တစ်နှစ်အတွင်း အသီးများတွတ်ခူးရောင်းချရပါတယ်။ အခုအခါ မာလကာအသီးများ ကောင်းချနေရတဲ့အတွက် မိသားစုနေ့စဉ်ဝင်ငွေရရှိနေပါတယ်”ဟု ကီလိုမာလကာ စိုက်ပျိုးသူ တစ်ဦးက ပြောသည်။
အဆိုပါကီလိုမာလကာသီးများအား ပြန်လည်ကောင်းချသူများက ခြံထိလာရောက် ဝယ်ယူကြကြောင်း၊ မာလကာသီး အကြီးအသေးပေါ်မူတည်ပြီး တစ်လုံး ငွေကျပ် ၅၀၀မှ ၇၀၀ ထိ ရောင်းချရကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ