ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောင်ကြီးကျေးရွာ အုပ်စုရှိဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွား

ရေကြည် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်‌ သောင်ကြီးကျေးရွာအုပ်စု ဝါသလကျေးရွာ(အ.မ.က-ဝါသလ) စာသင်ကျောင်း(၃၀ ပေ × ၆၀ ပေ)၊ အုတ်ညှပ်သွပ်မိုး ကျောင်းဆောင်သည် အမိုးလန်မှုဖြစ်ပွားခြင်း၊ ကျောင်းဆိုင်းဘုတ် ပြုတ်ကျခြင်းများ ဖြစ်ပွားခြင်းနှင့် သီရိမင်္ဂလာတိုက်သစ်ကျောင်း (၄၅ ပေ × ၁၂၀ ပေ) အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း  ကျောင်းဆောင်အမိုးလန်မှုဖြစ်ပွားခဲ့ပြီး သောင်ကြီးကျေးရွာရှိ ဦးသာလွန်၊ ဦးလှသိန်း၊ ဦးဇော်လင်း၊ ဦးရှိုင်းသူ၊ လူနေအိမ်(၄)လုံးတစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး ချောင်းဝကျေးရွာရှိ ဦးပေါက်စ၊ ဦးရဲစည်သူ၏နေအိမ်(လုံးဝပျက်စီး)၊ ဦးဝင်းထွန်း၊ ဦးသစ်လွင်၊ ဦးသောင်းထူး၊ ဦးကျော်ကျော်၊ ဦးမောင်မောင်ညွန့်၏နေအိမ် (တစ်စိတ်တစ်ပိုင်းပျက်စီး)ပြီးစုစုပေါင်းနေအိမ် (၁၁)လုံး ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်းစွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အ.မ.က(ဝါသလ)ကျောင်းဆောင် ပုံမှန်အတိုင်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ယာယီကျောင်းဆောင်အနေဖြင့် စီစဉ်ထားရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိုးသည်းထန်းစွာ ရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သီရိမင်္ဂလာကျောင်းဆောင်၊  လူနေအိမ်များအား ဂေါပကအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပါကြောင်း၊ ဘေးသင့် အိမ်ထောင်စုများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စားဝတ်နေရေးအတွက် လိုအပ်သည့်များကို စီစဥ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)