မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်

မြောင်းမြ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ နံနက် (၇) နာရီအချိန်မှစတင်၍  အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများအား မြောင်းမြခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ ဆန်-သီးထပ်ရင် တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥနှင့် ဘဲဥများကိုလည်း မူလစျေးနှုန်းအောက်လျော့ချလည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)