စလင်းမြို့နယ်တွင် ရဟန်းသံဃာနှင့် သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်း လောင်းလှူ

စလင်း  မေ  ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ  စာသင်တိုက်အသီးသီးတွင် ပညာသင်ကြားနေသည့်  ရဟန်းသံဃာများနှင့် သီလရှင်ဆရာလေး  အပါး (၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို  စလင်းမြို့  သာသနဟိတဆွမ်းလောင်းအသင်းမှ  ဦးဆောင်ကြီးကြပ်၍  ယနေ့နံနက်  ၅ နာရီခွဲအချိန်က စျေးမရပ်ကွက်  မြတ်ရတနာဓမ္မာရုံကြီးရှေ့တွင်  စုပေါင်းလောင်းလှူခဲ့ကြောင်း  သိရသည်။

စလင်းမြို့နယ်  သာသနဟိတဆွမ်းလောင်းအသင်းကြီးမှ အကျိုးတော်ဆောင်များမှ  ဦးဆောင်ကြီးကြပ်မှုဖြင့် စုပေါင်း၍ အများပြည်သူများထံမှ  အလှူခံရရှိသည့်  အလှူငွေများ  ကျေးရွာအုပ်စုများမှ လှည့်လည်အလှူခံရရှိသည့်  အလှူငွေများ  လစဥ်စုဆောင်း၍  အများပြည်သူများ၏  လှူဒါန်းလိုသော  သဒ္ဒါတရားတို့ဖြင့်  စာသင်တိုက်အသီးသီးတို့တွင်  ပညာသင်ကြားနေသည့်  ရဟန်းသံဃာ  သီလရှင်အပါး (၄၀၀)ကျော်အား  နံနက်အာရုံဆွမ်း အခက်အခဲမရှိနိုင်စေရန်  စုပေါင်းလှူဒါန်းခဲ့ကြောင်း  သိရသည်။

 (မောင်လွင်)စလင်း