မြို့သစ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ (၃၀၉၅၆)ဦးရှိပြီဖြစ်

မြို့သစ် မေ ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နေ့ကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိလာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ(၃၀၉၅၆)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၁၉၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း(၁၉၂)ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့်တွင် လာရောက်ကျောင်းအပ်နှံသူ(၂၀၀၀၈)ဦး၊ အလယ်တန်းအဆင့်တွင်(၇၉၄၉) ဦး၊ အထက်တန်းအဆင့်တွင်(၂၉၉၉) ဦး စုစုပေါင်း (၃၀၉၅၆)ဦး အပ်နှံပြီးစီးပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၉၀ ဒသမ ၄၉)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)