လှိုင်းဘွဲ မေ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ ကျင်းပပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူလေးများက မိမိနှစ်သက်ရာပုံပြင်၊ ကဗျာများကို ပျော်ရွှင်စွာ ပါဝင်ယှည်ပြိုင်ခဲ့ကြပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်-မြန်မာစာ စွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများကို ကလေးငယ် စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)