လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ  မေ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ဒေသအတွင်း လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပေးလျက်ရှိရာ စာရေးဆရာ ကလောင်စုံရေး သားထားသော ကမ်းလက်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူခြင်း၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်နှင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book club)အဖွဲ့ဝင်များက စာရေးဆရာ ကလောင်စုံ ရေးသားထားသော ကမ်းလမ်းများ စာအုပ်၏ ရည်ရွယ်ချက်များ၊ စိတ်ကောင်းရှိဖို့က ပထမ၊ အမှားများစွာထဲက အမှန်တရားငယ်တစ်ခု၊ စွန့်စားရဲခြင်း၊ ရသတိုင်းပြည်၊ လူနှင့်သံသယအလင်း စသည့်အကြောင်းအရာများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကမ်းလက်များ ဆုရဝတ္ထုတိုပေါင်းချုပ်ကို စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းအားဖြင့် လူပတ်ဝန်း ကျင်တွင် ဖြတ်သန်းမှုအခက်အခဲများ၊ လူငယ်များ၏ ဘဝကိုကဏ္ဍပေါင်းစုံမှ နေ့စဉ်ဖြတ်ကျော် နေကြရပုံ၊ တွေ့ကြုံခံစားခဲ့ကြရမှုများ၊ အောင်မြင်မှု၊ ကျရှုံးမှု၊ ဝမ်းနည်းမှု၊ အမှားများစွာကို သင်ခန်းစာ ယူတတ်ခြင်း၊ အခက်အခဲများကို မှန်ကန်စွာဆုံးဖြတ်တတ်ခြင်း၊ စိတ်ကောင်းရှိခြင်း စသည့် အကြောင်းအရာများကို သိရှိနားလည်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)