တန်ဖိုးမြှင့်စားသောက်ကုန်(Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅  )ဆင်းပွဲကျင်းပ

ရွှေဘို မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက  ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။            

အခမ်းအနားတွင် ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားရာ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းထုတ်ကုန်များပေးအပ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမများကကိတ်မုန့်၊ ပေါင်မုန့် အမျိုးမျိုး အပါဝင် မုန့်အမျိုးမျိုးပြုလုပ်ခြင်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း၊ သင်တန်း တက်ရောက်သူ(၂၀)ဦးရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်