ကျိုက်လတ်မြို့နယ်၌ အခြေခံလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

ကျိုက်လတ် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်‌နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေပြင်လူဦးရေစာရင်းပြုစုရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာစာရေးများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြေပြင်အမှန်လူဦးရေစာရင်းအား လိုက်လံပြုစုကြပြီး၊ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အချိန်မီ ပြီးစီးရေးအတွက် ဆောက်ရွက်ကြရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များသည် မြေပြင်လူဦးရေအမှန်စာရင်းရေးသွင်းလျက်ရှိကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ၊ မြို့နယ်ရပ်ကွက်/ ကျေးရွာများမှရပ်ကွက်/ ကျေးရွာစာရေးများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပါဝင်သော ပူပေါင်းအဖွဲ့တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများအား မှန်ကန်စေရေး စနစ်တကျတိုက်ဆိုင်စစ်ဆေးဆောင်ရွက်၍ စာရင်းရေးသွင်းနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)