ရွှေဘို မေ ၂၈
စစ်ကိုင်းတိုက်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ငါးမည်ရ (ရွှေဘုံသာ၊ စေတီလှ၊ ဆုတောင်းပြည့်၊ ပုခန်းဘုရား၊ ဒုံးဘုရားကြီး) ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသဖြင့် ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့၊ ပစ္စည်းဝယ်ယူရေးအဖွဲ့နှင့်တည်ဆောက်ရေးအဖွဲ့တို့အား အလှူငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစေတီတော်ရှိဓမ္မာရုံတွင် ကျင်းပရာ တက်ရောက်လာသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော်အဂ္ဂမဟာ ဘဒ္ဒန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဝိဿုတထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်အမျိုးသမီးရေးရာ၊ မိခင်နှင့်အလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့မိမြို့ဖများမှ လှူဖွယ်ပစ္စည်းနှင့်အလှုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့၊ တွဲဖက်အကျိုးဆောင် အောင်မြေ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မမှ အနုမောဒနာတရားတော်ဟောကြား ချီးမြှင့်ခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက်ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဇျယ်ခြင်းများပြုလုပ်ပေးခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဠတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုတွင် ရွှေဘိုခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ရွှေဘိုတပ်နယ်မှူးနှင့်အရာရှိစစ်သည် မိသားစုဝင်များ၊ မြို့မိမြို့ဖနှင့်စေတနာရှင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ် (၉၀၃၂၆၅၀၀ိ/) ကျပ်သိန်းကိုးရာကျော် ပါဝင်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)