ဟုမ္မလင်း မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများ Women Club အသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ စာရေးဆရာ ခေတ်ဘုန်းသစ်ရေးသားသည့် “ကလေးတွေကိုတံဆိပ်မကပ်ပါနဲ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ရှိခြင်း၊ အသိပညာဗဟုသုတရရှိခြင်း၊ အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်သူများ Women Glubအသင်းမှ ဒေါ် ယွန်းရတီမြင့်သိန်းက "လူကြီးလူကောင်းစိတ်" ဒေါ်မေထက်ထက်အောင်က "အကြောက်တရားနဲ့မဆုံးမဘဲအသိတရားနဲ့ယဉ်ကျေးလိမ်မာဖို့"၊ ဒေါ်ချိုဇင်မြင့်က "ကလေးတွေကိုတံဆိပ်မကပ်ပါနဲ့"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကြပြီး စာဖတ်ဝိုင်းတက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် Woman Club အသင်းမှ၊ (နာယက)က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များတိုးတက်လာကာ မိမိတို့၏လိုအပ်ချက်များကို သိရှိလာပြီးပြုပြင်ပြောင်းလဲသွားကြရန် မိမိတို့အနေဖြင့် မှန်ကန်သောနည်းလမ်းဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများအသင်းများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)
ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)