ကျိုက်လတ် မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက တရားဝင်ဆီဆိုင်များမှ တရားမဝင်ဆီ ရောင်းဝယ်မှုများ စီးဆင်းမှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလေးထားရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးမှာကြားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်