ဝါးခယ်မ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကံကွင်းကျေးရွာအုပ်စုရှိ စိန်ဧရာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသား ဦးမင်းဦး၏ ကွင်းအမှတ် (၁၀၂၄) ၊ ဦးပိုင်အမှတ် ၄ ရှိ စိုက်ပျိုးဧက ၁၀ ဧကတွင် ယမန်နေ့က နွေစပါး စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး ရက် (၉၀) စပါးမျိုး စံကွက်ရိတ်သိမ်းပွဲကို မြို့နယ် စိုက်တိုးမြှင့်အဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တူးတူးလွင်နှင့် ဝန်ထမ်းများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စံကွက် ရိတ်သိမ်းရာတွင် တစ်ဧကလျှင် တင်း (၁၂၀) ထွက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ ဆက်)