နတ်မောက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး (Campaign) ပြုလုပ်

နတ်မောက် မေ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်လျှော့ချရေးအသိပညာပေး(Campaign)ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ကျင်းပခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းများလျှော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်၊ စည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနည်းလမ်းများ၊ ဈေးဝယ်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း