မင်းဘူး မေ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံဆောင်ရွက်ခြင်းကို မေလ ၂၂ ရက်နေ့မှစတင် လက်ခံဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၇၂၆ ဦး လာရောက်အပ်နှံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သော မူလတန်း ၁၈၃၉ ဦး၊ အလယ်တန်း ၆၇၆၂ ဦး၊ အထက်တန်း ၂၅၇၄ ဦး၊ စုစုပေါင်း ၂၇၇၂၆ ဦးအား ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်၍ အတန်းနည်းပြ ဆရာ၊ ဆရာမများက KG မှ G-12 အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များပေးအပ်သည့်အပြင် KG နှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများပါ အခမဲ့ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)