မြဝတီ မေ ၂၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၁) မြဝတီကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက မြန်မာ့ ကျောင်းသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ကာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူးက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက (အခမဲ့) ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်၊ စာရေးကိရိယာ၊ Copy စာအုပ်နှင့် ဝတ်စုံများကို ပေးအပ်ရာ ကျောင်းအလိုက် KG အဆင့်မှ Grade 12 အဆင့်ထိ ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့သည်။
ထို့နောက် မြဝတီမြို့ ကုန်သည်ကြီးများအသင်းမှ နေလင်းမြင့် (NLM) ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးနေလင်းမြင့်က လိုအပ်မှုရှိသော အခြေခံပညာကျောင်းများသို့ Copy စာအုပ်ဒါဇင်တစ်ထောင်ကို ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အ.ထ.က (၁) မြဝတီကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကျောင်းအပ်နှံရေးဆောင်ရွက်နေမှုကို ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)